URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Theingara Thachin Ta Bote (သိင်္ဂါရသီချင်းတစ်ပုဒ်)

"Theingara Thachin Ta Bote," meaning "A romantic song" is a Burmese pop song about the unrequited love, expressing deep affection and longing for someone who doesn't reciprocate those feelings

Theingara Thachin Ta Bote (သိင်္ဂါရသီချင်းတစ်ပုဒ်)

တေးဆို:
Sai Sai Kham Leng
အယ်ဘမ်:Sai Sai is Sai Sai
အမျိုးအစား:Hip Hop, Rap
ဘယ်အချိန်နားထောင်:When you are experiencing the highs and lows of love, feeling deeply about someone who doesn't feel the same way for you.

သီချင်းစာသား

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာ ငါ့ဘဝကျရှုံးပြီ
ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့
ငါကပေးမယ့် ဘဝတစ်ခုလုံးကိုရင်းပြီး
ချစ်ခွင့်ရှိမလား

ငါ့စိတ်ကူးတွေယဉ်နေမိခဲ့
စိတ်ကူးသက်သက်ဖြစ်နေမလား
ညတွေတိုင်းလည်းအိပ်မက်မက်ခဲ့
အိပ်မက်သက်သက်ဖြစ်နေမလား
ငါ့ရင်ထဲကအချစ်တွေက
ပင့်သက်တွေရှိုက်လို့ကြွေကျ
နွေရာသီရဲ့သစ်ရွက်ခြောက်လို
မြေပြင်ပေါ်ပျံ့ကြဲကြေမွ
ငါလေဖွင့်မပြောရဲပါ
နင့်အတွက်ရင်မောခဲ့တာ
တစ်ယောက်တည်းအတွေးတွေနဲ့
ချာချာလည်လွင့်မျောခဲ့ရ
တိတ်တခိုးတစ်ဖက်သက် ငါ နှစ်လကြာရှည်
နင်ကပစ်ချတာတွေ ငါ့ရဲ့အချစ်က ကဗျာတွေဖြစ်
ဆယ်ကျော်သက်တစ်ယောက်လို
ကျောင်းရှေ့ကိုသွားပြီး
နင့်ကိုခိုးခိုးပြီးရှိုး
ပန်းစည်းတွေတစ်မျိုးပြီးတော့တစ်မျိုး
မရိုးအောင်ခိုးခိုးပြီးပို့
တဖြည်းဖြည်းတိုးတိုးပြီးဆိုး
ငါ့မှာနင့်ကိုဘုရင်မကြီးလိုရိုကျိုးမိလို့
ငါမပို့ဖြစ်တဲ့Msgတွေ ဖုန်းထဲမှာအများကြီး
မပြောတတ်မဆိုတတ်နဲ့ ဖုန်းဆက်ဖို့အားမရှိ
မနေတတ်မထိုင်တတ် မလုပ်တတ်မကိုင်တတ်နဲ့
နင့်အနားကဘဲလေးတွေနဲ့ယှဉ်တော့
ရှုံးနိမ့်လို့သွားပြီ

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာငါ့ဘဝ ကျရှုံးပြီ
ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့
ငါကပေးမယ့် ဘဝတစ်ခုလုံးကိုရင်းပြီး
ချစ်ခွင့်ရှိမလား အိုးဝိုးဝူဝိုး
ချစ်ခွင့်ရှိမလား ဟား အိုးဟိုး

နင်အမြဲသုံးတဲ့ Facebook နဲ့
Snapchat ကို Follow လုပ်
Friend List မှာ Add မရလို့
ဓါတ်ပုံတွေပဲ Download
နင့် Status တွေ Like လုပ်ရင်း
အချိန်တွေကကုန်မှာလား
တချိန်ချိန်ကျဆုံမှာလား
နင်ငါ့အချစ်ကိုယုံပါကွာ
မာနတွေအကုန်ခွာချ
စိတ်တွေလည်းအချဉ်ပေါက်ပြီ
လျှောက်ပြန်သံပေးလုပ်နေရင်းနဲ့
တဖြည်းဖြည်း Psycho ဖောက်ပြီ
ငါလေဂေါက်သည် အတွေးထဲမှာဂယောက်ဂယက်နဲ့
တစ္ဆေလိုခြောက်သည်
ဒီပိုးကဦးနှောက်ကိုရောက်ရှိ
နင်မုန်းသွားမှာကြောက်တဲ့စိတ်က
ဗြောင်းသတ်နေပြီ
စိတ်ထဲမှာလုံးဝငါဖျောက်မရ
အပ်ကြောင်းထပ်နေပြီ
တကယ်ပါကောင်းမြတ်တဲ့အချစ်တွေနဲ့ငါ
ပေါင်းစပ်ပါမည်
ငါ့နှလုံးသားကနင့်အတွက် ဖြောင့်မတ်ပါ ၏
အရိပ်လိုလိုက်ကပ်မိတယ်
အနားနားပဲတစ်ချိန်လုံး
ပုံရိပ်တွေခဲနဲ့ခြစ်
ငါမလှမ်းမကမ်းကအချိန်ဖြုန်း
ဒါနင့်အတွက်ရေးစပ်ထားတဲ့
ခံစားချက်အကျဉ်းချုပ်
တစ်ချိန်မှာနင်နားဆင်နိုင်ဖို့
သိင်္ဂါရသီချင်းတစ်ပုဒ်

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာငါ့ဘဝ ကျရှုံးပြီ (ကျရှုံးပြီ)
ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့
ငါကပေးမယ့် ဘဝတစ်ခုလုံးကိုရင်းပြီး (ရင်းပြီး)
ချစ်ခွင့်ရှိမလား အိုးဝိုးဝူဝိုး
ချစ်ခွင့်ရှိမလား ဟား အိုးဟိုး

ချစ်ခွင့်ရှိမလား အပြစ်ဖြစ်ခဲ့ပြီလား
ငါဆိုတဲ့ကောင်ကမင်းအတွက်
မချစ်သင့်တဲ့သူလား
မဖြစ်နိုင်တာတွေတွေး စိတ်လေးပြီးငေါင်နေတာ
ရွယ်တူအပေါင်းသင်းတွေနဲ့
ငါ့ကိုဝိုင်းလို့လှောင်နေမလား
ဒီလိုနဲ့ငါ့ရဲ့အဖြစ်က
ရှေ့ဆက်ဖို့လည်းခက် နေ
မင်းစိတ်နဲ့ညဘက်အိပ်
မင်းစိတ်နဲ့နိုးတဲ့မနက် တွေ
ငါ့မှာဂယက်တွေဖြစ်လို့
ရပ်ကွက်ထဲထိနယ်ကျော်ခဲ့
အချစ်နဲ့ထိတွေ့တဲ့အခါ
လူတွေတိုင်းကဆယ်ကျော်သက်
မင်းနဲ့ငါ နှစ်လွှာပေါင်းတဲ့ စွယ်တော်ရွက်
မင်းနဲ့ငါ နှစ်ယောက်ပေါင်းဖို့ ဘယ်တော့လဲ
ငါ့ဘဝက မင်းမရှိတော့ ဘယ်ပျော်မလဲ
အချစ်နဲ့ထိတွေ့တဲ့အခါ
လူတွေတိုင်းကဆယ်ကျော်သက်

မင်းရဲ့အချစ်က ငါ့အတွက်မဟုတ်တာ
(အချစ်နဲ့ထိတွေ့တဲ့အခါ လူတွေတိုင်းကဆယ်ကျော်သက်)
ငါ့ရဲ့အချစ်က မင်းအတွက်ပဲ
(မင်းနဲ့ငါ နှစ်လွှာပေါင်းတဲ့ စွယ်တော်ရွက်)
ဘဝတစ်ခုလုံးနဲ့ ရင်းပြီးချစ်မယ်ဆို
(မင်းနဲ့ငါ နှစ်ယောက်ပေါင်းဖို့ ဘယ်တော့လဲ)
နင် ယုံကြည်ပါ ..
(အချစ်နဲ့ထိတွေ့တဲ့အခါ ငါ့ရင်ထဲကဆယ်ကျော်သက်)

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာငါ့ဘဝ ကျရှုံးပြီ
ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့
ငါကပေးမယ့် ဘဝတစ်ခုလုံးကိုရင်းပြီး (ရင်းပြီး)
ချစ်ခွင့်ရှိမလား

မျှော်လင့်သမျှအကုန် စိတ်ကူးသမျှအကုန်
အရာရာအားလုံးမင်းလက်ထဲမှာငါ့ဘဝ ကျရှုံးပြီ (ကျရှုံးပြီး)
ငါ့အသည်းနှလုံးကို နင်စားသုံးပါစေတော့
ငါကပေးမယ့် ဘဝတစ်ခုလုံးကိုရင်းပြီး
ချစ်ခွင့်ရှိမလား အိုးဝိုးဝူဝိုး
ချစ်ခွင့်ရှိမလား
ဟား အိုးဟိုး