URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Ma Mae Say (မမေ့ဆေး)

"Ma Mae Say," meaning "A medicine to not forget" is a Burmese hip hop song about the struggle of moving on from past experiences and memories after a difficult relationship and emotional experience

Ma Mae Say (မမေ့ဆေး)

တေးဆို:
Y-Zet,Oasix,Alatt,Shwe Htoo
အယ်ဘမ်:My MISTAKE Mixtape
အမျိုးအစား:Hip-Hop, Rap
ဘယ်အချိန်နားထောင်:When you're trying to let go but still feel tied to memories, wanting to acknowledgr your feelings rather than suppressing them.

သီချင်းစာသား

ရင်နာနာနဲ့ပြောမယ်ဆို
နင်ဟာခံစားချက်မရှိလို့
မညှာမတာနဲ့ ရက်စက်ခြင်း
နင်စိတ်တိုင်းကျဘာမှ
သုံးမရတဲ့နောက်ဆုံး
နင်ကငါ့ကို

စကားလုံးများနဲ့ ဖောက်ခွဲသွားတယ်
ဒီနှလုံးသားငယ်ကို
ဘာမှမသိရခြင်းပါတကယ်
စိတ်ထဲမင်းပြောသမျှယုံတဲ့ငနဲ
ကျန်တာအားလုံးမပြောင်းပေမယ့်
မင်းအချစ်များပြောင်းလဲသွားပါတယ်
နာကြည်းဖို့ကြိုးစားခဲ့နေပေမယ့်လည်း
လုံးဝမမေ့ဘူးငါ...

အချစ်ကနေ အမုန်းသို့ပြောင်းလဲ
ပြတ်သားခြင်းအဓိပ္ပါယ်နောက်ဝယ်
ချစ်ပါရစေ ကျူပ်ကို တစ်ယောက်တည်းပဲ
ပြောခဲ့တဲ့ စကားတွေပျောက်ပြယ်
တစ်ယောက်တစ်လှည့် စိတ်ကောက်မယ်
ပျော်စရာကောင်းတဲ့အချိန်တွေ ဘယ်ရောက်လဲ
နောက်ကွယ်မှာတစ်ယောက်တည်း
နင်ပြန်လာမယ့် အချိန်ထိကိုစောင့်တယ်
အိပ်လို့ မရတဲ့ညတွေများစွာ
ဘယ်လိုလူကသိမှာလဲ
စိတ်တို့မချတဲ့ ငါ့အနေအထားဟာ
တကယ်ဆိုသူမ သိပါတယ်
ဝမ်းနည်းကာ မျက်ရည်များစွာကျ
လမ်းခွဲတာ စနေကြပါကွာ
ငြင်းဆန်လည်းသက်သေပြနေ
ပြက္ခဒိန်ပေါ်က အရွက်တွေများစွာက
အသာစီးမျက်နှာနဲ့
နင့်ကိုငါမနာကြည်းရက်တာလည်း
ပြဿနာတွေကာဆီးလျက်ပါပဲ
နင့်အပေါ်မှာ ငါသိတက်ပါတယ်
တွဲဖူးတဲ့ ငါ၏လက်မပါပဲ
နင်ဘယ်လိုဘဝခရီးဆက်မှာလဲ
အတူသွားဖူးတဲ့နေရာတွေလာကြည့်
အဲ့ဒီမှာ ငါရှိတက်ပါတယ်

စကားလုံးများနဲ့ ဖောက်ခွဲသွားတယ်
ဒီနှလုံးသားငယ်ကို
ဘာမှမသိရခြင်းပါတကယ်
စိတ်ထဲမင်းပြောသမျှယုံတဲ့ငနဲ
ကျန်တာအားလုံးမပြောင်းပေမယ့်
မင်းအချစ်များပြောင်းလဲသွားပါတယ်
နာကြည်းဖို့ကြိုးစားခဲ့နေပေမယ့်လည်း
လုံးဝမမေ့ဘူးငါ...

ပစ်ခတ်လိုက်တဲ့ မြှားတစ်စင်း
ဒီရင်ကိုဝင်စိုက်တယ်
ဘာတွေမြင်လိုက်လဲ
ရူးကြောင်လွန်းတယ် မထင်လိုက်နဲ့
မင်းနဲ့ပတ်သက်သမျှ ဟိုးကြားထဲ
ထားလိုက်ပါ ထားလိုက်ပါ
မျက်စိမှိတ်ရင်ဆိုင်မယ်
ငါက မင်းရဲ့ ဘုရင်မထိုက်လဲ

လိုက်ခဲ့တိမ်တိုက်ထဲ
လက်ကမ်းပြီးခေါ် မင်းနဲ့ပျော်ချင်လို့
လက်ခါပြရုံမက ထွက်သွားဆိုတော့
ငါနဲ့မင်းက မပျော်ချင်လို့
ဝေဒနာနေ့တွေ မမျှော်လင့်လို့
ထပ်ပြီးမပေးနဲ့ အတော်အသင့်မို့
ရက်စက်ကာထားသွားလည်း
ငါ့ဘက်ကတောင့်တဆဲ အိုး
ဟိုအရင်အချိန်တွေကို
အကုန်ပြီးခဲ့လေတဲ့ အားများလည်း
ယုံမိခဲ့လေတဲ့ စကားများထဲ
ရင်ခုန်ပြီးလွမ်းနေဆဲ အနာတရနဲ့
အရှုံးပေးရပ်နေခဲ့ ကမ္ဘာခြားခဲ့
တစ်ခါမကခဲ့ပေါ့
နှစ်ခါမကခဲ့ပေါ့
အချစ်အတွက်နဲ့ ရှုံးနေတာဘာမှားလဲပြော
Rap စာသားနဲ့ရောပြီးတော့ပြော
ဒီရင်ကနေခုန်ပြီးထွက်ချင်ခဲ့ တားမရခဲ့သဘော

ရင်ခွင်တံခါးကို တတောက်တောက် ခေါက်
အရာတစ်ခုအဖြစ်ပေး
တစ်ယောက်ထဲပဲနေရာ စူးနစ်တွေကြပါစေ
ငါကကျူး..ရင့်တဲ့ တေးဆိုငှက်
မင်းကမနက်ခင်းကြီးပေါ့ အခုဖြစ်
ငါကကြယ်ပွင့် မင်းက လမိုက်ညက
လမင်းဟုတ်လား
ဒါဘယ်သူ့အပြစ်လဲ

စကားလုံးများနဲ့ ဖောက်ခွဲသွားတယ်
ဒီနှလုံးသားငယ်ကို
ဘာမှမသိရခြင်းပါတကယ်
စိတ်ထဲမင်းပြောသမျှယုံတဲ့ငနဲ
ကျန်တာအားလုံးမပြောင်းပေမယ့်
မင်းအချစ်များပြောင်းလဲသွားပါတယ်
နာကြည်းဖို့ကြိုးစားခဲ့နေပေမယ့်လည်း
လုံးဝမမေ့ဘူးငါ...

ငါသည်သူ့လူ
ထိုကြောင့် သူ့မျက်နှာနဲ့ ကမ္ဘာတည်ဖူးသူ
ကြိုက်တဲ့သူ လာပြီးလုယူ
သူငါ့အတွက် ရာသီဥတု
အမြဲလိုလျော့ပါသည် တစ်ခုခု
ဘယ်တော့မှ မနာကြည်းဖူးဘူး
ခုကျတော့နောက်မှပေါက်တဲ့ ရွှေကြာ
ဖြစ်ရှာပြီ သူ့လူ ဘု စု ခ ရုလေးတွေ
ရတဲ့အချိန်ထိ ချစ်ကြမယ်ဆို
သစ္စာလည်းဆို
ဘယ်သောအခါမှ မေတ္တာမမဲ့ဖို့
မင်းဘာပဲလို ဖြည့်ဆည်းပေးမယ့်အချစ်ကို
နင်းကာလည်းဖြို ပျင်းစရာပဲမို့
ပစ်ခွာခဲ့တာသိတယ်
ဘာမှ ထပ်ရှင်းစရာလည်းမလို
ဖြတ် ဖြတ် ဖြတ်
သံယောဇဉ်တွေဖြတ်ပြီးတော့
ဆက်ဆံရေးတွေရပ် what love? အဟက်
အချစ်ဆိုတဲ့အရာ
အကန့် အသတ်တောင်မကျန်ဘဲရပ်
မနူးမနပ်ငါ့ကိုလှည့်စားခဲ့လည်းမသိဘူး
မာယာပင်လည်ပြင်မှာ ကူးခတ် yes
ဟောဒီ အရှုံးသမားက
မင်းပန်ဆင်ဖို့သစ္စာတရားတွေ ခူးလာပေမယ့်
လုံးဝသာနင်..ကထင်တာပဲ အရူးအထာတွေနဲ့
အသုံးချကာရင်..ကွဲသွားအောင်ပေါ့
ထုကာလေခွဲတဲ့နင်
အဆုံးဘဝမှာ ငါ့မေတ္တာတွေမစူးပါစေနဲ့

စကားလုံးများနဲ့ ဖောက်ခွဲသွားတယ်
ဒီနှလုံးသားငယ်ကို
ဘာမှမသိရခြင်းပါတကယ်
စိတ်ထဲမင်းပြောသမျှယုံတဲ့ငနဲ
ကျန်တာအားလုံးမပြောင်းပေမယ့်
မင်းအချစ်များပြောင်းလဲသွားပါတယ်
နာကြည်းဖို့ကြိုးစားခဲ့နေပေမယ့်လည်း
လုံးဝမမေ့ဘူးငါ...

စကားလုံးများနဲ့ ဖောက်ခွဲသွားတယ်
ဒီနှလုံးသားငယ်ကို
ဘာမှမသိရခြင်းပါတကယ်
စိတ်ထဲမင်းပြောသမျှယုတဲ့ငနဲ
ကျန်တာအားလုံးမပြေင်းပေမယ့်
မင်းအချစ်များပြောင်လသွားပါတယ်
နာကြည်းဖို့ကြိုးစားခဲ့နပေမယ့်လည်း
လုံးဝမမေ့ဘူးငါ...