URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Goodbye

"Goodbye" is a song about accepting the end of a relationship, and saying goodbye, even though it hurts

Goodbye

တေးဆို:
Adjustor,GRACEe
အယ်ဘမ်:Goodbye
အမျိုးအစား:Pop
ဘယ်အချိန်နားထောင်:When you're struggling with the reality of a breakup, especially when both love and pride have made things difficult.

သီချင်းစာသား

လွယ်လွယ်ကူကူလေး
မေ့ပစ်လို့ရမလား
မင်းဒီစကားကိုနောက်တစ်ခါပြောရင်
နားထောင်ဖို့ခွန်အားမရှိလို့ပါ
နင်ဆိုတဲ့ခံစားချက်နဲ့ငါ
အသက်ဆက်ခဲ့ရတော့လည်း
ရူးမလိုစိတ်ထိခိုက်
ငါကြေကွဲပဲ့ကြွေကျခဲ့

ရစ်ပတ်ထားတဲ့တို့နှောင်ကြိုးတွေ
ပြတ်တဲ့အချိန်ရောက်ပြီ
ကူရာမဲ့နေပါတယ်
တိတ်တခိုးငိုနေဆဲ
ဘယ်လိုဆက်လုပ်ရမယ်
ကန်ရေပြင်တွေပေါ်မှာ
ပြန့်ကျဲသွားတဲ့အလွမ်းတွေ
မင်းကိုဆုံးရှုံးရမယ်လို့
အိပ်မက်တောင် မမက်ခဲ့
အချစ်ကြီးသူသာရှုံးရစမြဲပဲ

ရှေ့ဆက်ကြဖို့ခက်တာသိပေမယ့်
မင်းအနားပဲရှိချင်တဲ့မျှော်လင့်ချက်တွေနဲ့
အခြေနေတွေပိုဆိုးအောင်
အမှားတွေလွန်ခဲ့

မင်းလည်းပဲသိပ်ချစ်တာသိသားနဲ့
လက်မလျှော့ချင် ပါဘူးကွယ်
မာနတွေ တို့နှစ်ယောက်ကြားမှာ
မရှိရင် သိပ်ကောင်းမယ်

Let's say good bye, baby, this time
တို့တွေ တစ်သက်စာဝေးလို့နေလိုက်၊
နောက်ဆုံးသောစကား မျက်ရည်တွေကြား
အနာဂတ်ဆီကျောခိုင်းပြီး ဆက်လျှောက်သွား

တစ်ချိန်ချိန်မှာ မင်းသိလိမ့်မယ်
ဒီလိုအခက်ခဲဟာ
သတ္တိရှိရင် တို့နှစ်ယောက်ဖြတ်ကျော်နိုင်ဦးမှာ

ဖွင့်ဟ ပြောဖို့သိပ်ခက်နေတယ်
ငါ့ဘက်ကအနေအထားလေး
မင်းသိခဲ့ရင် ခွင့်လွှတ်ပေးမှာပါ

အိပ်မရတဲ့ညများစွာထဲ
နင်ဘယ်လိုနေမယ် ငါစိတ်ပူတယ်၊
မင်းအနာဂတ်မှာ ငါ့ပုံရိပ်ကို
မေ့သွားရင်ကောင်းမယ်

နာကျင်မှု ကိုယ်စီ နဲ့ ဝေးကွာ
အဆင်ပြေတဲ့သူနင် တွေ့သွားမှာ
ကြည်နူးစရာတို့ရဲ့ကတိတွေဟာ
အတိတ်မှာအိပ်မောကျ

Let's say good bye, baby, this time
တို့တွေ တစ်သက်စာဝေးလို့နေလိုက်
နောက်ဆုံးသောစကား မျက်ရည်တွေ ကြား
အနာဂတ်ဆီကျောခိုင်းပြီး ဆက်လျှောက်သွား

Let's say good bye, baby, this time
တို့တွေ တစ်သက်စာဝေးလို့နေလိုက်
နောက်ဆုံးသောစကား မျက်ရည်တွေ ကြား
အနာဂတ်ဆီကျောခိုင်းပြီး ဆက်လျှောက်သွား