URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Flashback

"Flashback" is a R&B song expressing a deep heartbreak, where the singer reflects on cherished memories and struggles with the pain of a lost love, feeling unable to move on while their former partner has found new happiness

Flashback

တေးဆို:
Jaz3,Lil'Z
အယ်ဘမ်:Flashback
အမျိုးအစား:R&B, Soul, Rap
ဘယ်အချိန်နားထောင်:When you're feeling nostalgic and heartbroken, needing to connect with emotions from a past relationship

သီချင်းစာသား

အချိန်တွေနှောင်းလို့ ဟောင်းသွားလည်း
ဒီဒဏ်ရာဟောင်းတို့ အောင်းနေဆဲ
မင်းနဲ့ဝေးသွားရင် အားလုံးကောင်းသွားမယ်လို့တွေးမိ

(First date)
ပန်းရောင်နှုတ်ခမ်းနီလေးနဲ့ပြုံးပြီး
ငါ့ရဲ့အသည်းကိုညို့ယူ
First kiss
ငါ့ရဲ့ဘ၀တခုလုံးကို မင်းလက်အောက်ကျရှုံးစေခဲ့သူမို့
မေ့ဖျောက်မရဆေးသောက်မရ ဝေဒနာလည်း
တဖြည်းဖြည်းနဲ့ဆွေးမြေ့လို့ ကျွမ်းနေခဲ့
I’m trying I’m trying
to forget about the times
when we think love is all we need
(Ho) but you break up says its fake love
and clean it like your make up
and leave it as a memory

(Flashback Flashback)
အတိတ်ကမင်းအချစ်တွေငါယုံမိတာ
အပြစ်တစ်ခုလို့ ငါမတွေး
(Flashback Flashback)
မင်းနဲ့ရှိခဲ့တဲ့အချိန်တွေတိုင်း တန်ဖိုးထားမိနေသေး

နာကျင်စရာ အကြောင်းများရှိလည်းငါ
အံကြိတ်ပြီးခံမယ် မင်း
အတွက် ငါ့အချစ်တွေရှင်သန်နေဆဲပဲ
ဘာနဲ့မှ အစားမထိုးနိုင်သေးတဲ့ မင်းကိုငါ
မျှော်လင့်ရင်းနဲ့ဆွေး (yay yay)

လွမ်းတဲ့စိတ်နဲ့သေလိမ့်မယ်
အမှတ်တရလေးတွေနဲ့ပဲဖြေသိမ့်ခဲ့
ဘ၀အသစ်တခုမှာ အချစ်ကိုတွေ့ပြီး
ဒါစစ်မှန်တဲ့အရာလို့မင်းထင်နေလိမ့်မယ်
မင်းနဲ့ ပတ်သက်ခဲ့ဘူးသမျှအကုန်ငါပြောမယ်
သီချင်းတိုင်းမှာ ချစ်သူ လွမ်းရမှာက ငါ့အလုပ်
ယုံတာမယုံတာတော့ မင်းအပိုင်း
တိုက်ဆိုင်မှုတွေကြုံလာတော့
မင်းလည်းငါ့ကိုသတိရမှာပေါ့
မင်းဘဲအသစ်လေးက မင်းအကြိုက်နွေးထွေးမှုပါတဲ့
kissing တွေ old flame လို မရိုက်နိုင်ဘူး
မင်းအပေါ်အာရုံတွေသူမစိုက်နိုင်ဘူး
မင်းအလိုတွေလည်းမလိုက်နိုင်ဘူး
and he will never ever make love to you like I do

ဘ၀ဟာသုဿန်တစပြင်က စန္ဒာလှ
ရေကိုရွှေထက်လိုတဲ့ ကန္တာရ
လုံးလည်ချာလည်လိုက်နေခဲ့တဲ့
သံသရာကနေရုန်းထွက်ဖို့အတွက်ငါကြံရာမရ
ညဆိုအိပ်မက်ထဲမှာ အရင်လို
အငွေ့အသက်လေးတွေ ပြန်လာရအောင်ရန်လာစတဲ့
မင်းရဲ့မျက်နှာလေးကြောင့်ငါ့စိတ်တွေက
ဘယ်တော့မှ centre မကျ
အဲ့ဒီစိတ်ကပဲ မင်းဆီရောက်မယ့်အစွန်းသို့တွန်းပို့
မင်းအလှဟာကမ္ဘာမှာမရှိဘူး
နှိုင်းယှဉ်ပြီးတော့ ညွှန်းဖို့မွှန်းဖို့
အချစ်တွေက လတ်ဆတ်
သံယောဇဉ် အဆက်မပြတ်အောင်
remind လုပ်နေတာ တစ်ချက်တစ်ချက်
နှလုံးသားထဲကကွက်လပ်

Oh oh
အတိတ်ကမင်းအချစ်တွေငါယုံမိတာ
အပြစ်တစ်ခုလို့ ငါမတွေး
(Flashback Flashback)
မင်းနဲ့ရှိခဲ့တဲ့အချိန်တွေ တိုင်းတန်ဖိုးထားမိနေသေး

နာကျင်စရာ အကြောင်းများရှိလည်းငါ
အံကြိတ်ပြီးခံမယ် မင်း
အတွက် ငါ့အချစ်တွေရှင်သန်နေဆဲပဲ
ဘာနဲ့မှ အစားမထိုးနိုင်သေးတဲ့ မင်းကိုငါ
မျှော်လင့်ရင်းနဲ့ဆွေး (yay yay)