URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
A Lwan Pyay A Nann (အလွမ်းပြေအနမ်း)

"A Lwan Pyay A Nann," meaning "Kisses for Longing," is a pop song about the emotional struggles of a person in a long-distance relationship, expressing their love and desire to be reunited with their partner

A Lwan Pyay A Nann (အလွမ်းပြေအနမ်း)

တေးဆို:
Bunny Phyoe
အယ်ဘမ်:Pyaw Sa Yar Gyi Vol. 1
အမျိုးအစား:Pop
ဘယ်အချိန်နားထောင်:When you're missing someone you love and are apart from them, feeling the distance but holding onto hope for a reunion.

သီချင်းစာသား

တရွေ့ရွေ့ပြောင်းလို့သွားခဲ့ နေ့ရက်တွေ
အလွမ်းများက တိုးလို့နှိပ်စက်နေ
တမ်းတခဲ့ မင်းရဲ့အငွေ့အသက်လေး
အနားနား အမြဲရှိစေချင်
ငါ့ရဲ့ ညနဲ့ မနက်တွေထဲ

ဘယ်တော့မှတို့နှစ်ယောက် နီးမှာလဲ
ဘယ်အချိန်ထိ ငါစောင့်ရမလဲ
တကယ်ကို တမ်းတမိတယ်
မင်းရဲ့ အနမ်းတွေလည်း
ငါတို့ အမှတ်တရများစွာလည်း
မင်း မေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာတွေဝေးလို့ သွားပါစေ
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း

ကြယ်ပွင့်လေးများ လမ်းပြဦး...
ကောင်မလေးနဲ့ နီးနိုင်ဖို့...
အနေဝေးလို့သွေးအေးသွားမှာ ငါကြောက်လို့...
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့...
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး

ငါ့ကိုအမြဲလို သည်းခံနားလည်ပေးသူ
ပြဿနာတိုင်းဟာ သူရဲ့အမှားလို့ တွေးသူ
အဝေးမှာရောက်နေလည်း စိတ်သာချဘေးလူ
စကားတွေ နားမယောင်နဲ့
ငါတို့ ဘယ်တော့မှ မဝေးဘူး

စွယ်တော်ပင်က အရွက်လေးလို
နှစ်လွှာပေါင်းမှ တစ်ရွက်တည်းဆို
တစ်နေ့တော့ ပေါင်းမယ်
ငါတို့နှစ်ယောက်ရဲ့ နှလုံးသား နှစ်ခုလည်း
တစ်ခုတည်း အဖြစ်သို့ ရောက်နိုင်ဖို့
ငါတို့အမှတ်တရ များစွာလည်း
မင်း မေ့မပစ်လိုက်ပါနဲ့
ဘယ်လိုနေရာဝေးလို့ သွားပါစေ
ငါ့ရင်ထဲမှာ မင်းတစ်ယောက်တည်း

ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့ နီးနိုင်ဖို့...
အနေဝေးလို့ သွေးအေးသွားမှာ
ငါကြောက်လို့...
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့...
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး

ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့ နီးနိုင်ဖို့...
အနေဝေးလို့သွေးအေးသွားမှာ ငါကြောက်လို့...
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့...
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး

ကြယ်ပွင့်လေးများလည်း လမ်းပြဦး
ကောင်မလေးနဲ့ နီးနိုင်ဖို့...
အနေဝေးလို့ သွေးအေးသွားမှာ ငါကြောက်လို့
မင်းစိတ်ထဲ အမြဲတမ်းရှိပါစေ
ဆုံနိုင်မှာပါ တို့နှစ်ယောက်တစ်နေ့...
အခုတော့ ဖုန်းလေးထဲပဲ
အလွမ်းပြေ အနမ်းတွေပေး...

ဟိုအိုး...ဟို..
ဟို..အိုး..
ဟိုးအိုး..အိုး..ဟိုး..
အိုအိုးဟိုး...
အိုး..အို..
ဟူးဟူး..
ဟိုးဟိုး..အိုဟိုဟိုး...
ဟေ!