URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
A Chit Thi Chin (အချစ်သီချင်း)

"A Chit Thi Chin" meaning "A Love Song" is a pop song the pain of lost love, feeling nostalgic for the past relationship, and holding onto cherished memories despite heartache and regret

A Chit Thi Chin (အချစ်သီချင်း)

တေးဆို:
Sai Sai Kham Leng,Myo Kyawt Myaing,Alex,Zeya Thaw,Kaung Myat
အယ်ဘမ်:A Night With Myo Kyawt Myaing
အမျိုးအစား:Pop
ဘယ်အချိန်နားထောင်:When you're feeling the sadness of lost love, missing someone deeply, and reflecting on past memories with some nostalgia and heartache.

သီချင်းစာသား

မွန်းကြပ်တဲ့ နေ့ရက်များမှာ
ငါ့ကိုငါ ပြန်သုံးသပ်ခဲ့
လွဲမှားစွာ ဆုံးဖြတ်မိတဲ့
ငါရဲ့မှားတဲ့ ဆုံးဖြတ်ချက်
ဟိုးတုန်းက ပျော်စရာများတဲ့
ငါတို့နှစ်ယောက်ရဲ့ အတိတ်ဘဝ
လမ်းများစွာလျှောက်ကာသွားခဲ့
အဲဒီနေ့တွေ မေ့မရ
မေ့မရပါ အတိတ်ဘဝကို
ငါ့ရဲ့စိတ်မှာ လွမ်းနေတုန်း
လွမ်းနေတုန်း နှုတ်ဆက်သွားတာ
အခုတော့ ငါ့မှာလမ်းတွေဆုံး
လမ်းတွေဆုံး ချစ်သူလေးကို
ငါ့ရဲ့အနားမှာ ရှိချင်သေးလို့
စိတ်ကူးယဉ် ငါ့ရဲ့အတွေးဟာ
ကောင်းကင်ကြီးပြို မည်းမှောင်မှိုင်းညို့

ကံဆိုးမိုးမှောင် ကျတဲ့အခါ
ချစ်သူလက်ကို စွဲကိုင်ထား
အကျင့်ပါသွားခဲ့တာ
ချစ်သူမရှိတော့ လက်မှိုင်ကျ
ဘာ့ကြောင့်များ
အချစ်ကို ကိုးကွယ်မိလဲ သိချင်တာ
ဟိုအရင်ကလိုပဲ
မင်းရဲ့အနားမှာရှိချင်တာ
ဒီလိုနဲ့ပဲ သစ်ရွက်လေးတွေတဖြုတ်ဖြုတ်ကြွေ
မိုးဆောင်းနွေ
ပြက္ခဒိန်တွေ တစ်မျိုးပြောင်းနေ
အတိတ်ကိုတွေး
စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ
လွဲခဲ့ရတော့ တို့နှစ်ယောက်ဝေး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကိုး

လူတွေ လွမ်းဆွေး တွေးငေးပြေး ဟိုအဝေး
ဒါပေမယ့်လည်းအချစ်နဲ့
ကင်းကိုမကင်းနိုင်တော့လည်း စိတ်တွေလေး
ပူပန်သောက ပူလောင်ဒေါသ
မောရတဲ့နေ့တွေဆိုတာ
အချစ်နဲ့တွေ့တဲ့ လူတွေအတွက်တော့
သံသရာတစ်လျှောက်မှာ ရေတွက်လို့မရ
မာနတွေခဝါချပြီး
အချစ်ရဲ့အောက်မှာ ဒူးတွေထောက်ကြ
ပေးဆပ်ရ ဒီဘဝ
အချစ်ကြောင့်ပဲ စိတ်တွေပြောင်းသွား
အချစ်စိတ်နဲ့ အရာအားလုံးကိုထိန်းချုပ်ထား
ဒီစိတ်နဲ့စား ဒီစိတ်နဲ့သွား
ဒီစိတ်နဲ့ အသက်ဆက်ရှင်နေရတာလား

အချစ်ကြောင့်ရူး အချစ်ကြောင့်မူး
သီချင်းတွေလည်း ရေးခဲ့ဖူးတယ်
အချစ်ဒုက္ခ အချစ်မရှိမှ
တစ်ယောက်တည်းပဲ ဝမ်းနည်းခဲ့ရ
အချစ်ရဲ့အဝေး ကိုယ်ထွက်ပြေး
တစ်ခါတလေတော့လည်း စိတ်ညစ်ဖူးတယ်
အချစ်နာကျ အချစ်ဒဏ်များ
မခံနိုင်တော့လည်း အရှုံးပေးဦးမယ်
စွဲလမ်းခြင်း လွမ်းဆွေးခြင်း
မနေနိုင်လောက်အောင် သင်ခဲ့ဖူးတယ်
အချစ်တတ်ဆုံး သတိရဆုံး
ကိုယ့်ရဲ့ဘဝမှာ တစ်ယောက်တည်းရှိမယ်
တွေဝေခြင်း ဟန်ဆောင်ခြင်း
ဒီနောင်တတွေရမှ
ကိုယ်ရဲ့အဝေး သူထွက်ပြေး
အချစ်ဆုံးကိုလေ ဆုံးရှုံးဖူးတယ်

အမြဲ ရင်ထဲပြည့်ကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လမ်းမှာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

လူတွေ လွမ်းဆွေး တွေးငေးပြေး ဟိုအဝေး
လွဲမှားစွာ ဆုံးဖြတ်မိတဲ့
ငါရဲ့မှားတဲ့ ဆုံးဖြတ်ချက်
ဟိုးတုန်းက ပျော်စရာများတဲ့
ငါတို့နှစ်ယောက်ရဲ့အတိတ်ဘဝ
အတိတ်ကိုတွေး
စိတ်မှာဆွေးမိတာ အဆိုးအကောင်းတွေ
အကျိုးအကြောင်းတွေ
လွဲခဲ့ရတော့ တို့နှစ်ယောက်ဝေး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လမ်းမှာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပြပေးပါ သိပ်ချစ်တာကို

အမြဲ ရင်ထဲပြည့်ကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လွမ်းစရာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လမ်းမှာတွေ့ရင်ပြောပြပေးပါ သိပ်ချစ်တာကိုး

အမြဲ ရင်ထဲပြည့်ကျပ်နေလို့
ခံစားရခက်နေလို့
ဒီစိတ်နဲ့ရူးနေလို့
ရင်ထဲမှာ သိပ်ချစ်မိတာကို
လမ်းမှာတွေ့ရင် ရူးလောက်အောင်စိတ်ညစ်တာမို့
လွမ်းစရာလေးတွေပြောပေးပါ သိပ်ချစ်တာကို