URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Hnit Pat Lal (နှစ်ပတ်လည်)

"Hnit Pat Lal," meaning "Anniversary," is a pop song about reminiscing the memories shared in a past relationship, reflecting on the moments spent together during anniversaries

Hnit Pat Lal (နှစ်ပတ်လည်)

Artist:
Bunny Phyoe
Album:Pyaw Sa Yar Gyi Vol. 1
Genre:Pop
When to listen:When Valentine's Day is around the corner, and you are thinking about the good old days with him/her.

Lyrics

ဟူး..ရေ့...ရေ့..ရေး...
ဟူး ဟူး......ဟူး....

တန်ဖိုးထားရမဲ့ အချစ်တစ်ခုကို ငါတွေ့ချိန်
ဘယ်နည်းနဲ့ဖြစ်ဖြစ် မင်းအနားကငါမဝေးချင်
တို့နှစ်ယောက်ရဲ့နေ့တွေ
တို့နှစ်ယောက်ရဲ့ အတွေးတွေ
တစ်ချိန်ချိန်ဆိုတာမှာ အနီးစပ်ဆုံး Baby

ဟိုးတုန်းက နမ်းရှိုက်ခဲ့တဲ့
မင်းနှုတ်ခမ်းပါးလေး လွမ်းနေ
မိုးတို့လင်းတိုင်း ဖုန်းဆက်နိုးမယ့်
မင်းရဲ့ဖုန်းလေး လွမ်းနေ
ငါပေးခဲ့ အနမ်းတွေ
နင့်ပါးလေးတဝိုက်အနှံ့လေ
ဘယ်လိုဖြတ်သန်းမလဲ တို့နှစ်ယောက်ရဲ့
အပတ်စဉ်တွေ့တဲ့ Monday...

အချိန်များလည်း ပြောင်းသွားခဲ့ပေါ့
ဆောင်း နွေ မိုး...
နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း
အောက်မေ့လို့...
ရောက်ဖို့သိပ်မလို နှစ်ပတ်လည်
Valentine ကို ပြန်လာနိုင်မလား
ငါလေ စောင့်နေလို့

နင်မေ့လို့ရမလား ငါတော့မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ
ဟိုး..အဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ

ဖြေသိမ့်လိုက်ဦးအချစ်ရေ ငါတို့ဝေးနေတုန်း
ယုံကြည်နေဆဲ Baby တစ်နေ့တို့နီးမယ်လို့
ရည်ရွယ်တစ်သက်လုံးအဖို့
ကမ္ဘာမြေပျက်သုဉ်းလို့ သွားသည့်တိုင်
မင်းနဲ့အနမ်းများ ဆက်ဦးမလို့

ငါ့ရဲ့အတွေးတွေ လွင့်ပျံလို့..အိုးဟို
ဟိုးအဝေးကြီးက မင်းထံသို့..အိုးဟို
တမ်းတဆဲပါ မင်းသဏ္ဍန် မင်းဟန်
မင်းအနမ်း မင်းအသံတို့..ဟိုး

အချိန်များလည်း ပြောင်းသွားခဲ့ပေါ့
ဆောင်း နွေ မိုး...
နေ့တိုင်းပဲ မင်းရဲ့စကားလေးများလည်း
အောက်မေ့လို့...
ရောက်ဖို့သိပ်မလို နှစ်ပတ်လည်
Valentine ကို ပြန်လာနိုင်မလား
ငါလေ စောင့်နေလို့

နင်မေ့လို့ရမလား ငါတော့ မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ

နင်မေ့လို့ရမလား ငါတော့ မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ

နင်မေ့လို့ရမလား ငါတော့ မေ့လို့မရပါ
အတူဖြတ်သန်းခဲ့ကြတဲ့ နှစ်ပတ်လည်နေ့များ
ဟိုးအဝေးကြီးမှာ နင်သတိရတဲ့အခါ
ဆင်တူလက်စွပ်လေးကို နမ်းလို့ဖြေသိမ့်ပါ