URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities • URGENT: Support Myanmar Earthquake Relief • Over 4,000 deaths by 7.7 magnitude earthquake • 10000+ injured, many families displaced • Donate medical supplies, food, and shelter materials • Support local relief organizations on the ground • Emergency aid needed in rural regions • Click here to browse charities
Ga Bar A Set Set (ကမ္ဘာအဆက်ဆက်)

A sweet song about the joy of finding the love of one's life, celebrating the beauty of every shared moment, and pledges undying love even in the face of eternity

Ga Bar A Set Set (ကမ္ဘာအဆက်ဆက်)

Artist:
Bunny Phyoe,Amera Hpone
Album:Me and My Alter-ego : Side B
Genre:Pop
When to listen:I think I have found the love of my life. I know he/she's the one for me and I appreciate every moment with him/her.

Lyrics

အရိုးသားဆုံးငါပြောမယ်ဆို မရိုးသားခဲ့တဲ့စိတ်
စတွေ့ကတည်းက ချစ်မိခဲ့တာပါ
မင်းသိမလားတော့မသိ
ငါအမြဲတမ်းအရိပ်တကြည့်ကြည့်
မင်းရဲ့အနားမှာ အမြဲတမ်းရှိချင်တာ

ဘယ်ချိန်ထိတို့ရှိနိုင်မလဲ
ငါတို့အတိအကျမသိနိုင်လည်း
အတူတူရှိတဲ့အခိုက်အတန့်လေးတိုင်းလှစေမယ်
ပါးရေနားရေတွန့်တဲအထိပါကွယ်
နင်အမြဲ ငါ့အတွက် ကလေးပါပဲ
ဘာကြောင့်ဒီလောက်တောင် ချစ်မိသွားလဲ

မင်းနဲ့ကျမှ အချစ်ကိုအယုံအကြည်ရှိလာတယ်
မင်းနဲ့ကျမှ အပြုံးတွေပြန်ချိုတယ်
ဒီကမ္ဘာကြီးပျက်လို့ပဲ နောက်ကမ္ဘာတွေရှိသေးလည်း
ချစ်သူရယ် အခါခါထပ်ပြီးချစ်နေမယ်

ဘယ်ချိန်ထိတို့ရှိနိုင်မလဲ
ငါတို့အတိအကျမသိနိုင်လည်း
အတူတူရှိတဲ့အခိုက်အတန့်လေးတိုင်းလှစေမယ်
ပါးရေနားရေတွန့်တဲအထိပါကွယ်
နင်အမြဲ ငါ့အတွက် ကလေးပါပဲ
ဘာကြောင့်ဒီလောက်တောင် ချစ်မိသွားလဲ

မင်းနဲ့ကျမှ အချစ်ကိုအယုံအကြည်ရှိလာတယ်
မင်းနဲ့ကျမှ အပြုံးတွေပြန်ချိုတယ်
ဒီကမ္ဘာကြီးပျက်လို့ပဲ နောက်ကမ္ဘာတွေရှိသေးလည်း
ချစ်သူရယ် အခါခါထပ်ပြီးချစ်နေမယ်
ထာ၀ရအဆုံးထိတိုင် အဆုံးထိတိုင်
မင်းလက်လေးငါဆုပ်ကိုင်လို့ထားမယ် ဆုပ်ကိုင်လို့ထား
Sunrise to sunset ပါပဲ မင်းအနားမှာအမြဲရှိချင်တယ်
အမှတ်တရတိုင်းအတွက် ကျေးဇူးတင်တယ်

မင်းနဲ့ကျမှ အချစ်ကိုအယုံအကြည်ရှိလာတယ်
မင်းနဲ့ကျမှ အပြုံးတွေပြန်ချိုတယ်
ဒီကမ္ဘာကြီးပျက်လို့ပဲ နောက်ကမ္ဘာတွေရှိသေးလည်း
ချစ်သူရယ် အခါခါထပ်ပြီးချစ်နေမယ်